ထန်းတပင်ရွာ၊ ကန့်ဘလူမြို့နယ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ထန်းတပင် | |
---|---|
ရွာ | |
ထန်းတပင်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°55′50″N 95°36′40″E / 22.9306201934814°N 95.6111221313477°Eကိုဩဒိနိတ်: 22°55′50″N 95°36′40″E / 22.9306201934814°N 95.6111221313477°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ကန့်ဘလူခရိုင် |
မြို့နယ် | ကန့်ဘလူမြို့နယ် |
ကျေးရွာအုပ်စု | ထန်းတပင် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ထန်းတပင်ရွာ (အင်္ဂလိပ်: Htantapin)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၀၇၇ ဖြစ်သည်။ [၁]
သမိုင်း[ပြင်ဆင်ရန်]
မြန်မာသက္ကရာဇ် (၉၉၉) ခုနှစ် ကုန်းဘောင်ခေတ်မတိုင်မီ အနောက်ဘက်လွန်မင်း၏ ညီတော် မင်းသားမောင်မောင်နိုင်တည်ခဲ့သော ရှေးဟောင်းရွာကြီးတစ်ရွာဖြစ်သည်။ထန်းတပင်ဟု အစွဲပြုရခြင်းမှာ မင်းသားမောင်မောင်နိုင်သည် စစ်ကိုင်းမြို့အလွန် ရွှေဘိုမြောက်ဘက်သို့ တောကစားထွက်လာပြီး ယခုထန်းတပင်ရွာအနီး မှန်သာကျောင်းအနောက်ရပ်က ရေကန်သည် ယခင်က ထုံးအိုင်ကြီးဖြစ်သည်။ ထိုထုံးအိုင်ကြီးအတွင်းတွင် ထန်းပင် တစ်ပင် ပေါက်နေသည်။ ၎င်းထန်းပင်သည် အရှေ့ရပ်ကနေထွက်သေ်လည်း အရိပ်မထွက် အနောက်ရပ်သို့ နေဝင်သော်လည်း အရိပ်မထွက်သောကြောင့် ထူးဆန်းသော ထန်းပင်ကြီးကို အစွဲပြု၍ ထန်းတပင်ဟု သတ်မှတ်ခဲ့ကြသည်။ ပဉ္စာလငါးမြို့ ယ-ပျော-ညောင်-ပင်း-နဂါးဆင်း ဟုတွင်လေသည်။ (ယ) ယသာ ထန်းတပင်မြို့ ယခု ဇီးကုန်းအရှေ့က ထန်းတပင်မြို့ စသော သမိုင်းအချက်အလက်များစွာရှိသည်။[ကိုးကားချက်လိုသည်]
လမ်းပမ်းဆက်သွယ်ရေး[ပြင်ဆင်ရန်]
အရှေ့ဘက်တွင် ဇီးကုန်းလမ်းဆုံ (သို့) မလယ်လမ်းဆုံကို ဖြတ်၍ ရွှေဘို-မြစ်ကြီးနားလမ်း တည်ရှိသည်။ ထိုလမ်းဆုံမှ ကျောက်ဆည်ကန်ရွာ၊ ထနောင်းကိုင်းရွာ၊ ထန်းတပင်ရွာ၊ ပုပ်ပါးရွာ ကိုဖြတ်၍ ဇီးကုန်း ကာဘိုးထိ ကားလမ်းလည်းရှိသည်။ အနောက်ဘက်တွင် မန္တလေး-မြစ်ကြီးနား ဘူတာ ထန်းတပင်ဘူတာလည်းရှိသည်။
ဘာသာရေးအဆောက်အဦ[ပြင်ဆင်ရန်]
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော ဘုန်တော်ကြီးကျောင်း (၇)ကျောင်းရှိသည်။
ထန်းတပင်ရွာ၏ အရှေ့ဘက်တွင် ဗောဓိကျောင်းနှင့် အုဋ်ကျောင်း၊ တောင်ဘက်တွင် မန်ကျည်းချိုကျောင်းနှင့် သိမ်တော်ကျောင်း၊ အနောက်တောင်ဘက်တွင် ထန်းတောကျောင်း၊အနောက်မြောက်ဘက်တွင် ရုံးပင်ကျောင်း၊ မြောက်ဘက်တွင် မှန်သာကျောင်း တို့တည်ရှိသည်။
စေတီပုထိုးများ[ပြင်ဆင်ရန်]
- ရွာလယ်ဘုရားကြီး
- ချမ်းသာအေးချမ်းသာရစေတီ
- ဗောဓိကျောင်းမှစေတီများ
- သိမ်တော်ကျောင်းမှစေတီများ
- အုဋ်ကျောင်းမှစေတီများ၊ ကြောင်လှေကားကြီး
- မန်ကျည်းချိုးကျောင်းမှစေတီများ
- ထန်းတောကျောင်းမှစေတီများ
- ရုံးပင်တောရမှစေတီများ
- သစ်ခေါင်းကျောင်းမှစေတီများ
- လက်ပြစ်ကူးမှစေတီပျက်များ
ရေကန်များ[ပြင်ဆင်ရန်]
- ကြာပေကန်
- သပြေကန်
- မှော်ကန်
- သိမ်တော်ကျောင်းမှရေကန်
- မန်ကျည်းချိုကျောင်းမှရေကန်
- ရုံးပင်ကျောင်းမှရေကန် (၂)ကန်
- ဥသျှစ်ကန်
- ဝက်ခေါင်းကန် (ခုကောသွားပြီ)
- ဗောဓိကျောင်းမှရေကန်
- မြင်းကန်
ထင်ရှားသောနေရာနှင့်သမိုင်းဝင်နေရာများ[ပြင်ဆင်ရန်]
- အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အယုဒ္ဓယသို့ စစ်ချီခါနီးအောင်မြေနင်းခဲ့သော အောင်မြေ
- အုဋ်ကျောင်းမှ ကြောင်လှေကား
- မှန်သာကျောင်းအတွင်းမှ အရိပ်မထွက်သောထန်းပင်နေရာ ထန်းပင်အစားစိုက်ထားခြင်း
ပညာရေး[ပြင်ဆင်ရန်]
ပညာရေးအနေဖြင့် အခြေခံပညာမူလတန်းအဆင့်မှတဖြေးဖြး အဆင့်တိုးကာ ယခုအခါတွင် အခြေခံပညာအထက်တန်း(ခွဲ) ကျောင်းအဖြစ် (၁ဝ)တန်းအထိ ရှိသည်။ စာသင်ကျောင်း၏အနောက်ဘက်တွင် ဘောလုံးကွင်းကြီးရှိသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |