ဖင်လန်ရောက် မြန်မာနိုင်ငံသားများ

ဝီကီပီးဒီးယား မှ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဖင်လန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခြင်း

ဖင်လန်နိုင်ငံသို့ မြန်မာနိုင်ငံသား အများစုသည် အဓိကအားဖြင့် ထိုင်းဒုက္ခသည်စခန်းများမှ ရောက်ရှိလာကြသူများဖြစ်ကြသည်၊ နိုင်ငံရေး ခိုလှုံခွင့်ဖြင့် လျှောက်ထားနေထိုင်ကြသူများလည်း နှစ်စဉ် ရှိသည်။ ဒုက္ခသည်ဖြင့် ရောက်ရှိလာသူများကို လက်ခံစီစဉ်ပေးသည့် မြို့နယ်များတွင် အခြေချနေထိုင်ကြရသည်။ နေထိုင်ရန် အစီအစဉ်ချရာတွင်၊ မြန်မာများလက်ရှိနေထိုင်လျက်ရှိသော နေရာများကို ပိုမိုဦးစားပေး စီစဉ်စေသည်။ တချို့သော မြို့များသည် မြန်မာဒုက္ခသည်များကို ခေါ်ယူခြင်းမရှိခြင်းမှာ၊ မြို့တွင် လက်ရှိမြန်မာများ မရှိခြင်း၊ ဘာသာပြန်ရရှိရန် အခက်အခဲကြောင့် ဖြစ်သည်ဟုဆိုသည်။ အများဆုံးနေထိုင်ကြသည့် ဒေသများမှာ ဟယ်လ်စင်ကီး ဗန်တာမြို့၊ ယူဗားစကူးလား နှင့် ကူအိုပီအို၊ မစ်ကယ်လီ ၊ ကယ်မီတို့တွင် အများအားဖြင့် နေထိုင်ကြသည်။

၂၀၀၅ မှ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည်များ ၁၂၄၅ယောက်ခန့် အခြေချနေထိုင်ခွင့်ခေါ်ဆောင်လာမှုကြောင့် ရောက်ရှိလာကြသည်၊ အများစုမှာ ကရင်နီလူမျိုးများဖြစ်ကြသည်။[၁]၎င်းတို့သည် မြန်မာနိုင်ငံမှ ဒုက္ခသည်များဖြစ်သောကြောင့် အများမှာ မြန်မာနိုင်ငံသား မှတ်ပုံတင်မရှိကြပေ၊ ထိုင်းနိုင်ငံဒုက္ခသည် စခန်းများတွင် နှစ်ရှည်လများ နေထိုင်ခဲ့ကြပြီး၊ ဖင်လန်နိုင်ငံမှ ကုလသမဂ္ဂဒုက္ခသည် ပြန်လည်ချထားရေး အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များကို နှစ်စဉ်သက်မှတ်ထားသည့် အရည်အတွက်ဖြင့် အခြေချနေထိုင်နိုင်ရန် စီစဉ်ပေးခြင်းဖြစ်သည်။ ဒုက္ခသည် တချို့မှာ မိခင်ဘာသာစကားသာ ပြောဆိုနိုင်ပြီး၊ မြန်မာဘာသာစကား နားလည်သော်လည်း မပြောဆိုနိုင်သည့် သူများရှိသည်။ နိုင်ငံရှိ အခြား ကူးပြောင်းနေထိုင်လာကြသူများ နှင့်ယှဉ်သော် မြန်မာလူဦးရေသည် မပြောပလောက်သည့် နေရာတွင်ရှိပြီး၊ ခိုလှုံခွင့်လျှောက်ထားသူများတွင်လည်း မြန်မာနိုင်ငံသားများသည် အနည်းဆုံးနေရာတွင် ပါဝင်သည်။

နိုင်ငံ၏ အခြေချနေထိုင်လာရောက်သူများအတွက် ထောက်ပံ့မှု အစီအစဉ်များကောင်းခြင်းကြောင့်၊ မြန်မာနိုင်ငံသားများသည် အဆင်ပြေစွာ နေထိုင်နိုင်ကြသည်။ အလုပ်လက်မဲ့ ထောက်ပံ့ကြေးများ၊ အခြေချနေထိုင်နေချိန်အတွင်း ထောက်ပံ့ကြေးများ၊ ကလေးထောက်ပံ့ကြေးများ၊ ကလေးများအတွက် ပညာရေးလျင်မြန်စွာ တက်ရောက်နိုင်ရန် အထူးအစီအစဉ်များလည်း ပြုလုပ်ပေးသည်။ မြန်မာကလေးများသည် ဖင်လန်စကားလျင်မြန်စွာ တတ်ရောက်ကြသော်လည်း၊ လူကြီးများမှာ ဖင်လန်၏ ခက်ခဲသော ဘာသာစကားကို တတ်ရောက်နိုင်မှု အားနည်းကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. http://epublications.uef.fi/pub/urn_nbn_fi_uef-20110047/urn_nbn_fi_uef-20110047.pdf