မက်လင်ပင်

ဝီကီပီးဒီးယား မှ
Garcinia gummi-gutta
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malpighiales
မျိုးရင်း: Clusiaceae
မျိုးဇာတ်: Garcinieae
မျိုးစု: Garcinia
မျိုးစိတ်:
G. gummi-gutta
ဒွိနာမ
Garcinia gummi-gutta
(L.) N.Robson
Synonyms[၁]
  • Cambogia binucao Blanco
  • Cambogia gemmi-gutta L.
  • Cambogia solitaria Stokes
  • Garcinia affinis Wight & Arn.
  • Garcinia cambogia (Gaertn.) Desr.
  • Garcinia sulcata Stokes

မက်လင်ပင်သည်မင်းကွတ်သီးနွယ်ဝင်တွင် ပါဝင်ပြီး မျိုးရင်း အမည်မှာ Clusiaceae ဖြစ်၍ ယင်းကို ရုက္ခဗေဒအလိုအားဖြင့် Garcinia gummi-gutta (L.) N.Robson ( Syn: Garcinia cambogia Desr.) ဟုခေါ်သည်။[၁] မက်လင်ချဉ်ပင်ကို မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်တွင် ပေါများစွာ ပေါက်ရောက်သည်ကို တွေ့ရသည်။ အပင်က အမြဲစိမ်းသောအပင်ကြီး evergreen tree ဖြစ်ပါသည်။ ကြီးမားပြောင်လက်နေသော အရွက်ကြီးတွေအပေါ်မှာ ဘေးဖက်ကို ထင်ရှားစွာထွက်နေသော ရွက်ကြော ၁၆ စုံက သိသာထင်ရှားသော လက္ခဏာတွေဖြစ်ပါသည်။ နောက်တစ်ချက်ထူးခြားတာက ဒီအပင်တွေက အရှေ့တောင်အာရှမှာဘဲ တွေ့ရသော အပင်တွေသာဖြစ်ပါသည်။ ပင်စည်မှာ fluted trunk နှင့်အတူ ဘေးဖက်ကို ဖြာနေသော အကိုင်းတိုတွေပါပါတယ်။ အဖိုပွင့်တွေက စိမ်းဝါရောင်ရှိသည်၊၊ အမပွင့်ကတော့ တပွင့်ထီးထီးသာဖြစ်ပါသည်။ အသီမှား အရည်ရွှမ်းပြီး အတွင်းသားမှာ Hydroxycittic Acid (HCA) ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်တွင်းမှ အဆီဖြစ်ပေါ်စေသော အင်ဇိုင်းကို တားဆီးပေးပါသည်။ Glycogen ပုံစံဖြင့်သာ သိမ်းဆည်းနိုင်အောင် ဆောင်ရွက်ပေး၍ အဆီပိုတွေ တက်မလာတော့ချေ။ ထို့နောက် ဆီရိုတိုနင် (Serotonin) ဓာတ်ကိုလဲ များစေသဖြင့် ရင်ခံခြင်းကို ဖြစ်စေကာ အစာစားချင်စိတ် လျော့နည်း စေပါသည်။ ၂ဝ၁၁ ခုနှစ် လေ့လာတွေ့ရှိမှုအရ မက်လင်သီးဖြင့် ပြုလုပ်သော ဝိတ်ကျဆေးများသည် နှစ်ပတ်အတွင်း နှစ်ပေါင်ခန့် ကျစေနိုင်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် မက်လင်သီးကို လျက်ဆားဖော်စပ်ရာ၌ အသုံး ပြု၍ ထိုလျက်ဆားကို မက်လင်ချဉ်လျက်ဆား အဖြစ်ဖြင့် လူသိ များသည်။ အချို့ဒေသတွင် အချဉ်ဟင်းချက်ရာ၌ မက်လင်သီး ကို အသုံးပြုကြသည်။


မြန်မာဆေးကျမ်းအလိုအရ မက်လင်သီးသည် အလွန် ချဉ်၏။ ဝမ်း၊ လေချုပ်သောအနာ၊ သလိပ်နာ၊ လေနာတို့ကိုနိုင် ၏။ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ကျင်ကြီး ကျင်ငယ်ကို ဖျက်၍ အောက်သို့ထုတ်တတ်၏။ နှလုံးနှင့် ဆိုင် သောအနာ၊ ဘေးထိုး ရင်ကျပ်နာ၊ ရင်ပတ်နာ၊ ဂူနာတို့ကိုနိုင် ၏။ အဆီမရှိ။ သည်းခြေကို ပျက်စေတတ်၏။ ကျင်ကြီး ကျင် ငယ်တို့၌ အပြစ်ဒေါသကို နိုင်၏။ မောဟိုက်ခြင်း၊ ချောင်းဆိုး နာ၊ ပန်းနာ၊ အစာမကြေသောအနာ၊ အော့အန်ခြင်းတို့ကိုနိုင်၏။ အိန္ဒိယဆေးကျမ်းအလိုအားဖြင့် မက်လင်သီး၏အသား နှင့် အစေ့ကိုပါ အဖျော်ရည်ပြုလုပ်၍ အသုံးပြုရာ အေးမြ၍ အဖျားကို ကျစေသည်။ ညဉ့်ချွေးထွက်ခြင်းကို သက်သာစေ၍ ဝမ်းချုပ်ခြင်းကို နိုင်လေသည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. Garcinia gummi-gutta (L.) N.RobsonWorld Checklist of Selected Plant Families (WCSP)Royal Botanic Gardens, Kew။ 1 June 2013 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)