ဝရှိဆွတ်

ဝီကီပီးဒီးယား မှ
tatami ကြမ်းခင်းနှင့် ရှိုဂျိ (တံခါး) ပါသည့် ဝရှိဆွတ်
ရိုးရာ ဝရှိဆွတ်

ဝရှိဆွတ် (ဂျပန်: 和室) သည် ဂျပန်စတိုင် အခန်းများကို ဆိုလိုသည်။ အင်္ဂလိပ်တို့ကမူ "tatami room" ဟု မကြာခဏ ခေါ်ကြသည်။ ဂျပန်တို့၏ အိမ် သို့မဟုတ် ရိုးရာ tatami ကြမ်းခင်းရှိသည့် တိုက်ခန်းတွင် ရှိသည့် အခန်းတစ်ခုကို ဆိုလိုသည်။[၁] ဝရှိဆွတ်များသည် ဆွဲတံခါး (襖 - ဖုစုမ) များကို အသုံးပြုကြသည်။ ပတ္တတပ် တံခါးများထက် ဖုစုမများကို ဝရှိဆွတ်များတွင် ပိုမိုအသုံးပြုကြသည်။ ဝရှိဆွတ်တွင် ရှိုးဂျိဟုခေါ်သည့် အခန်းတစ်ခန်း ပါရှိပြီး ဧည့်ခန်းအဖြစ် ထားရှိသည်။ ထိုအခန်းတွင် ဂျပန်အခေါ် အတိုကိုနိုမ အလှဆင်ပစ္စည်းများကို ထားရှိသည်။

နောက်ပိုင်းတွင် ဂျပန်တို့၏ အခန်းအားလုံးနီးပါးသည် ဝရှိဆွတ်များ ဖြစ်လာကြသည်။ တတမိ (tatami) ကြမ်းခင်းပေါ်တွင် ဖုတွန်ဟုခေါ်သည့် ဂျပန်အခင်းတစ်မျိုးကိုထားရှိပြီး ဂျပန်လူမျိုးတို့သည် အိပ်စက်ကြသည်။ ထိုင်ရာတွင်လည်း တတမိအပေါ် သို့မဟုတ် တတမိအပေါ်တွင် ထားရှိသည့် ဇဘုတွန် အပေါ်တွင် ထိုင်ကြသည်။ လက်ရှိအချိန်တွင်မူ ဂျပန်လူမျိုးတို့၏ အိမ်အများစုတွင် ဝရှိဆွတ်အခန်းသည် တစ်ခန်းသာ ထားရှိသည်။ ဧည့်သည်များနှင့် လက်ခံတွေ့ဆုံရာတွင် တစ်ခါတစ်ရံ သုံးကြသည်။ ကျန်အခန်းများကိုမူ အနောက်နိုင်ငံများစတိုင် ပြုလုပ်ကြသည်။ အသစ်ဆောက်လုပ်လာကြသည့် ဂျပန်တိုက်ခန်းများတွင် ဝရှိဆွတ်သည် အားလုံး၌ မပါဝင်လာတော့ပေ။ ကြမ်းခင်းဖယောင်းပုဆိုးနှင့် သစ်မာများကိုသာ အခင်းအတွက် အသုံးပြုလာကြသည်။

ဝရှိဆွတ်၏ အရွယ်အစားကို တတမိဖျာ(tatami mats) ပမာဏဖြင့် တိုင်းတာသည်။ ရေတွက်ရာတွင် စကားလုံး ဂျိုး(畳) ကို သုံးသည်။ ပုံမှန်အားဖြင့် တတမိဖျာ အရွယ်အစားသည် ၆ သို့ ၈ ဖြစ်ပြီး ကိုယ်ပိုင်အိမ်များတွင် ရှိကြသည်။ ဖျာတစ်ဝက်စာ ၄.၅ ပို အသုံးပြုကြသည့် တတမိအခန်းများလည်း ရှိသည်။

ဝရှိဆွတ်တစ်ခုတွင် ပါဝင်သည့် ပရိဘောဂများတွင် မိသားစုဝင်များ ညစာစားရန် သို့မဟုတ် ဧည့်သည့်များကို ဧည့်ခံရန် စားပွဲခုံအနိမ့်တစ်ခု ပါဝင်သည်။ ဇဘုတွန် သို့မဟုတ် ကုလားထိုင်အနိမ့်ကို တတမိဖျာပေါ်တွင်ထားက ထိုင်ကြသည်။ အကိုတဆွတ် ဟု ခေါ်သည့် စားပွဲအနိမ့်များကို အသုံးပြုကြသည်။ ထိုစားပွဲတွင် အပူပေးပစ္စည်းများပါဝင်ပြီး ဆောင်းရာသီတွင် အသုံးပြုကြသည်။ ထိုစားပွဲသည် ဂျပန်တို့၏ အိမ်အများစုတွင် အရေးပါသည်။

ဆန်ကျင်ဘက် စကားလုံးဖြစ်သည့် ရောရှိဆွတ် (洋室) ၏ အဓိပ္ပာယ်မှာ အနောက်တိုင်းစတိုင် အခန်းများဟု ဆိုလိုသည်။ ဝရှိဆွတ်အတွက် နောက်ထက် အသုံးအနှုန်းတစ်မျိုးမှာ နိဟွန်းမ (日本間) ဖြစ်သည်။ ရောရှိဆွတ် အတွက် အလားတူသည့် အသုံးအနှုန်းမှာ ရောမ (洋間) ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Washitsu (Japanese-style room) 和室 わしつ at tjf.or.jp
  2. Japanese Kōjien dictionary, entries for "washitsu" and "yōshitsu"