တိတ္ထိ
တိတ္ထိအဓိပ္ပာယ်ကို ပါဠိအဘိဓာန်ချုပ်၌-
- အယူဝါဒ၊ ဘာသာ
- အကြောင်း
- ရေဆိပ်
- တင်သောရေ ဟု ပြဆိုပြီး တိတ္ထိကရကို အယူဝါဒအသီးသီး ထူထောင်သော ဆရာ၊ ဂိုဏ်းဆရာဟု အနက်ဖွင့်သည့် အပြင် တိတ္ထီလည်း ရှိ၏ဟု ထပ်မံဖော်ပြထားသည်။
ဆရာတော် ဦးဇနကာဘိဝံသ၏ အလိုအရ တိတ္ထိယ = အယူဝါဒကို စထွင်၍ ပြုတတ်သော ပုဂ္ဂိုလ် (ထိုမှ ယကို ဖြုတ်၍) တိတ္ထိဟု ခေါ်ကြသည်ဟု သိရသည်။ ထို့ကြောင့် တိတ္ထိသည် အယူဝါဒ သီးခြားထူထောင်သော ဆရာ (သို့) အယူဝါဒသစ်ကို စတင် တီထွင်သူဟု အဓိပ္ပာယ်ထွက်သည်။ သို့သော် ကျမ်းဂန်တို့၌ တိတ္ထိ နှင့် ပတ်သက်၍ မြန်မာလိုပြဆိုရာတွင် သာသနာတော်မှ တပါးသော အယူဝါဒ ရှိသောသူများ အဖြစ် ပါလေ့ရှိသဖြင့် အဓိပ္ပာယ်မှာ ပို၍ လေးနက်လာသည်။ ဗုဒ္ဓဘာသာဝင်တို့ကလည်း တိတ္ထိ ဟုဆိုလျှင် ဗုဒ္ဓဝါဒနှင့် အယူအဆခြင်း မတူ တမူခြားပြီး ရှိနေသူဟူ၍ နားလည်ထားကြပေသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ဦးစံမြင့်အောင်(ဘီအေ)၏ ဗုဒ္ဓခေတ် တိတ္ထိကြီးများ