မုခ်ဝ:မြန်မာနိုင်ငံ
ကိရိယာများ
ဆောင်ရွက်ချက်များ
ယေဘုယျ
ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
-
Image 1ဂျပန် ကိုလိုနီခေတ်ဆိုသည်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာနိုင်ငံအား အုပ်စိုးခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်အဖြစ် အုပ်စိုးနေသည့် ဗြိတိသျှတို့အား မောင်းထုတ်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရနိုင်ရန် မျှော်လင့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် စစ်သင်တန်းတက်ရောက်ရန် ဂျပန်သို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးခဲ့သည်။ ဂျပန်တို့က ဒေါက်တာဘမော် ဦးဆောင်သည့် ရုပ်သေးအစိုးရကို စင်တင်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ကာ ဗမာ့ လွတ်မြောက်ရေး တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ (Full article...) -
Image 2
အမျိုးသားလွှတ်တော်သည် မြန်မာနိုင်ငံ၏ ဥပဒေပြုဌာနတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အထက်လွှတ်တော်ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် အမတ် ၂၂၄ ဦး ပါဝင်ဖွဲ့စည်းထားသည်။ ၁၆၈ ဦးမှာ လူထုမှ ရွေးကောက်တင်မြှောက် ထားသူများဖြစ်ကာ ကျန် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အမည်တင်သွင်းထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည်။ လူထုရွေးကောက်တင်မြှောက်ပုံမှာ ပြည်နယ်(သို့)တိုင်းဒေသကြီး တစ်ခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ အချိုးကျနှုန်းဖြင့် သက်ဆိုင်ရာပြည်နယ် (သို့) တိုင်းဒေသကြီးများတွင် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့မှ ကိုယ်စားလှယ် ၁၆၈ ဦး (၁၄×၁၂) တင်မြှောက်ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်၏ သက်တမ်းမှာ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ ၅ နှစ် ဖြစ်သည်။ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှာ လစ်လပ်နေသည်။ (Full article...) -
Image 3
တပ်မတော် (လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာ့လေတပ်မှ လေယာဉ်များကို ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင်တွင် အသုံးပြုလာခဲ့သည်။
ကိုလိုနီခေတ် ၁၉၄၀ ဇွန်လတွင် ဗြိတိသျှတို့က ဗမာ့အပျော်တမ်းလေတပ်ယူနစ် (Burma Volunteer Air Unit) ကို ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၁ မတ်လခန့်တွင် ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force) ဟူ၍အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ဝင်ရောက်လာသည့် ၁၉၄၂ ၌ အင်္ဂလိပ်တို့တပ်ဆုတ်သွားသောအခါ အဆိုပါလေတပ်သည်လည်း ပါသွားခဲ့ရုံသာမက အခြားလေတပ်ယူနစ်အဖြစ်လည်း ပြောင်းလဲဖွဲ့စည်းခြင်းကိုခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံအတွက် လေတပ်ပြန်လည်ဖွဲ့စည်းပေးရေးများကို ဆောင်ရွက်ရာမှ ၁၉၄၇ ဒီဇင်ဘာတွင် "ဗမာ့လေတပ်မတော်" (Burma Air Force) အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ တပ်မတော် (လေ) ဟုအမည်ပြောင်းလဲခဲ့သည်။ (Full article...) -
Image 4အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( ဒီချုပ်(ခ) NLD ပါတီ)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ နိုင်ငံရေးပါတီ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology)မှာ လစ်ဘရယ်ဝါဒ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။ ပါတီဝင်အင်အား ၂သန်းခန့်ရှိသည်ဟု ဆိုထားပြီး ပါတီရုံးခွဲပေါင်း ၃၁၃ ခုရှိသည်။ လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ (Full article...) -
Image 5
ဧရာဝတီမြစ် (အင်္ဂလိပ်: Ayeyarwaddy, Irrawaddy) သည် မြန်မာပြည်မြောက်ဖျားမှ တောင်ပိုင်းသို့ စီးဆင်းသော မြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအားဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါး သွယ်တန်းလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,၀၀၀ စတုရန်းကီလိုမီတာရှိသည်။
အေဒီ (၆) ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တည်ဆောက်ပြီး စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း အသက်တမျှ အရေးပါနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါးစိုက်ပျိုးရေးတွင် နာမည်ကြီးသောဒေသ ဖြစ်သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသော အရာမှာ မြစ်ညာဘက် ပိုင်း (မြစ်အထက်ပိုင်း)တွင် ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရှားပါးသတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်ကို စောင့်ရှောက်ထိန်းသိမ်းရန် နှိုးဆော်လျက်ရှိသည်။ (Full article...) -
Image 6
ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းတွင် အများဆုံး အခြေချနေထိုင်ကြပြီး၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား မွတ်စလင် လူနည်းစုတစ်စုဖြစ်သည်။ ရခိုင်ပြည်နယ်၏ ဒုတိယလူဦးရေအများဆုံး လူမျိုးလည်းဖြစ်သည်။ မိမိတို့၏ မူလတိုင်းပြည်တွင် တန်းတူအခွင့်အရေး မှန်သမျှ လုယူခံရ၍ နိုင်ငံခြားသားကဲ့သို့ ခွဲခြားဆက်ဆံခံနေရသော အဖိနှိပ်ခံ လူနည်းစုတစ်စုလည်း ဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့၊ ကျောက်တော်မြို့၊ သံတွဲမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့ နှင့် စစ်တွေမြို့စသော မြို့တို့တွင် အများစုနေထိုင်ကြသည်။ ၂၀၁၂ ခုနှစ်ထိ ရိုဟင်ဂျာပေါင်း (၁၅)သိန်းကျော် မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟုဆိုသည်။ ကုလသမဂ္ဂမှ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အဖိအနှိပ်ခံရဆုံး လူနည်းစုများတွင် ပါဝင်နေသည်ဟုဆိုသည်။ အဖိနှိပ်ခံနေရသော မြန်မာ့တိုင်းရင်းသား ရိုဟင်ဂျာသည် ခေတ်အဆက်ဆက် အစိုးရ၏ ပစ်မှတ်ထား နှိပ်စက်မှုကြောင့် မိမိတို့ အမိမြေကို စွန့်လွှတ်ကာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများနှင့် ထိုင်းမြန်မာနယ်စပ်များတွင်လည်း ဒုက္ခသည်အဖြစ် နေထိုင်နေရသည်။
အာဏာရှင် ဦးနေဝင်း လက်ထက်တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစု (၁၃၅) မျိုး စာရင်းတွင် ရိုဟင်ဂျာတိုင်းသားကို ရည်ရွယ်ချက်ရှိရှိ ချန်လှစ်ထားခဲ့သည်။ ထိုသို့ အာဏာရှင် ဦးနေဝင်း၏ တိုင်းရင်းသား လူမျိုးစု စာရင်းတွင် ရိုဟင်ဂျာ လူမျိုးစုကို ထည့်သွင်း သတ်မှတ်ထားခြင်း မရှိသဖြင့် မြန်မာလူမျိုးစုများတွင် ပါဝင်ခြင်း ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသည်။ အစ္စလာမ် မုန်းတီးသောသူများက ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း ရှေးပဝေသဏီကတည်းကပင် နေထိုင်လာခဲ့သောလူမျိုးစု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝင်ရောက်လာသူများ အဖြစ် စွပ်စွဲကြသည်။ ရိုဟင်ဂျာများကလည်း ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း စဝ်ရွှေသိုက်တို့မှ ပြောကြားချက်များအပါအဝင် သူတို့၏ ခေတ်အဆက်ဆက် သမိုင်းအထောက်အထားနှင့်တကွ ကိုးကား၍ ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်အတွင်းမှ လူမျိုးစုတစ်စုဖြစ်ကြောင်း အခိုင်အမာ တောင်းဆိုနေကြသည်။ (Full article...) -
Image 7
မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။
တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ `ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။ (Full article...) -
Image 8
၁၉၄၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် လက်နက်ကိုင် တော်လှန်မှုများ ဖြစ်ပွားခဲ့ပြီး၊ ထိုအချိန်က Burma ဟု လူသိများသော မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးရခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ပဋိပက္ခတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။ အပစ်အခတ်ရပ်စဲရေး အများအပြားနှင့် ၂၀၀၈ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ထူထောင်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အများအပြားသည် လွတ်လပ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးမြှင့်ရေး သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတို့ကို ဆက်လက်တောင်းဆိုခဲ့ကြသည်။ မြန်မာပြည်၏ပဋိပက္ခများမှာ ဆယ်စုနှစ် ခုနစ်ခုကျော် ကြာမြင့်ခဲ့သည့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်သည်။ (Full article...) -
Image 9၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးသော စစ်အာဏာသိမ်းပိုက်မှုဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ်ဦးနုအစိုးရကိုဖြုတ်ချခဲ့၍ တော်လှန်ရေးကောင်စီကိုဖွဲ့စည်းကာ စတင်အုပ်ချုပ်ခဲ့သည်။
ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်ကိုအာဏာသိမ်းပြီးနောက် အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။ထိုသို့အာဏာသိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နေဝင်းသည် မြန်မာနိုင်ငံကို ၁၉၇၄ ခုနှစ်အထိ စစ်အာဏာရှင်စနစ်ဖြင့် ၁၂ နှစ်မျှအုပ်ချုပ်ခဲ့သည်။ ထိုကာလ၌ ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်၏ နိုင်ငံရေးကဏ္ဍကိုသာမက အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍတို့ကိုပါ ကိုယ်တိုင်ခြယ်လှယ်နိုင်အောင် ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကိုတည်ထောင်ခဲ့ရာ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ခဲ့သည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
-
Image 1နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
-
Image 2ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ
နောက်ထပ် ခေါင်းစဉ်များ
|
|
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း