ဟခတ ဆိပ်ကမ်း မျှော်စင်

ဝီကီပီးဒီးယား မှ
ဟခတ ဆိပ်ကမ်း မျှော်စင်

ဟခတ ဆိပ်ကမ်း မျှော်စင်သည် ဂျပန်နိုင်ငံ၊ ဖုခုအိုခ၊ ဟခတ-ခု ရှိ မျှော်စင်တခုဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အမြင့် ၁၀၃ မီတာ ရှိသည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

လူသိများထင်ရှားသည့် ဗိသုကာ ပညာရှင် နာအိတို တာချူ (Naito Tachu) မှ ဒီဇိုင်းရေးဆွဲပေးထားသည်။ မီတာ ၇၀ အမြင့်တွင်ရှိသည့် လေ့လာသည့် အခန်းသို့ ဓာတ်လှေကားဖြင့် တက်ရောက်နိုင်သည်။ ထိုနေရာမှ ဖုခုအိုခမြို့၊ ဟခတ ပင်လယ်အော်နှင့် သင်္ဘောများ ဝင်ထွက်သွားလာနေသည်ကို ၃၆၀ ဒီဂရီဖြင့် မြင်ကွင်းကျယ် ကြည့်ရှုနိုင်သည်။ ဝင်ခွင့်မှာ အခမဲ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း လူပေါင်း နှစ်သိန်းလေးသောင်း ကျော် လာရောက်လည်ပတ်ကြသည်။ မျှော်စင်ဖွင့်ချိန်သည် မနက် ၁၀ နာရီမှ ည ၁၀အထိ (၉ နာရီ မိနစ် ၄၀အထိ)ဖြစ်ကာ ပြတိုက်ဖွင့်ချိန်သည် မနက် ၁၀ နာရီမှ ညနေ ၅ နာရီ (၄ နာရီ မိနစ် ၄၀)အထိဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

မျှော်စင်အား မူလက အနီနှင့် အဖြူရောင် ဆေးသုတ်ခဲ့သော်လည်း ၁၉၉၁ ခုနှစ် နောက်ပိုင်းတွင် အနီရောင် တစ်ခုတည်းသို့ ပြောင်းလဲခဲ့သည်။[၁] ၁၉၉၉ ခုနှစ်တွင် ဆိပ်ကမ်း၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် "Port-kun" "ポートくん" ဟုခေါ်သည့် လဘ်ကောင်အား မိတ်ဆက်ပေးခဲ့သည်။ [၂] ၎င်းအား ယနေ့အချိန်ထိ အသုံးပြုနေဆဲဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်ခြင်း၊ လေ့လာမှုဆိုင်ရာ ကုန်းပတ်၏ မှန်ပြူတင်းပေါက်နှင့် မှန်ဘီလူးအား အစားထိုးခြင်း (အခကြေးငွေ ဖြင့် ကြည့်ရှု့ရမည့် ဒစ်ဂျစ်တယ် မှန်ဘီလူးသို့ ပြောင်းလဲတပ်ဆင်မှု)များကိုပြုလုပ်ခဲ့သည်။ ၎င်းအား ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပြန်လည်ပြုပြင်ခြင်းအတွက် ပိတ်ထားခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 8 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2021 တွင် ပြန်စစ်ပြီး။
  2. You must specify title = and url = when using {{cite web}}. (in ja)။ ゆるキャラグランプリ။ 2017-07-17 တွင် ပြန်စစ်ပြီး။
  3. You must specify title = and url = when using {{cite web}}.။ |language=ja}}

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]